welcome to Orchid(Shwethazin) Middle School

you are wellcome to our Orchid(Shwethazin) middle School. Goal: To be beautiful the future of Children Objective: (1) To be rights equally education for every migrant worker’s children safely staying and studying (2) To be rights the culture and knowledge for every children (3) To get more knowledge for Burmese Migrants (4) To be unity all Burmese migrant children in Thailand (5) To come out the future leader for Myanmar (6) To create and provide educational opportunities for less fortunate children, orphans, and also protect children and youth’s rights, and value. jksoesan@gmail.com,newgenerations88@gmail.com ,တောင်းပန်လွာ This is Shwethazin Migrant students who come form Myanmar. There are over 100 students in our school. About 10 students live in school but we don't have any food fee for the students. We don't have any Donner.

Monday, December 17, 2012

စာဖတ်တတ်အောင်လုပ်ပေးကြပါ


စာကိုကျက်တယ်လို့ပြောကြတယ်။ ကျက်တာရော၊ ဖတ်တာရော၊ မှတ်တာရော၊ လေ့လာတာရော အတူတူပါပဲ။ ကဲ ဒီတော့ မေးပါရစေဦး။ စာဘယ်လို ကျက်ကြသလဲ။ စာကျက်တတ်ရဲ့လားလို့လေ။
စာကျက်တယ်ဆိုတာ
- တစ်ညလုံး ပြည့်ကျပ်နေအောင်ထည့်ရတာလား
- တဖြည်းဖြည်း ထည့်ရင်းနဲ့ စာအုပ်ပေါ် အိပ်ပျော် သွားရတာမျိုးလား
- အဖွဲ့လိုက်စုပြီး အော်လိုက်၊ ပြောလိုက်၊ ရယ်မောလိုက်ထည့်ရတာမျိုးလား
အဲဒီစာကျက်နည်းတွေကတော့ တစ်ခုမှ မကောင်း ပါဘူး။ ဒါကြောင့် မေးကြည့်ရတာ။ စာကျက်တတ်ရဲ့ လားလို့။


ပညာရှာချင်သူအများစု ထင်ထားတတ်ကြတာက စာကျက်တယ်ဆိုတာ စာမေးပွဲကြောင့်၊ စာမေးပွဲ ဖြေဖို့လို့ပဲ သိထားကြတာများတယ်။ အမှန်တော့ စာမေးပွဲကြောင့် စာကျက်တာထက်၊ နေ့စဉ်လုပ် ဆောင်ရတဲ့ ထမင်းစား ရေသောက်အလုပ်တစ်ခုလို လုပ်နိုင်ရင် ပိုကောင်းတယ်။ ဒါကြောင့် စာကျက်တယ် လို့ပြောတာထက် စာဖတ်တာဆိုရင် ပိုပြီး စိတ်ထဲမှာ တင်းကျပ်မှုတွေ လျှော့သွားနိုင်ပါလိမ့်မယ်။
စာကိုပုံမှန်ကျက်လို့ပြောရတာကလည်းခက်တယ်။ အဲဒီပြောတဲ့သူတွေရော နေ့စဉ်ပုံမှန် လုပ်နိုင် ရဲ့လားလို့ ပြန်မေးရမယ်။ စာဖတ်တယ်ဆိုတာ စာသင်နှစ်စကနေ စာသင်နှစ်ဆုံး နောက်ဆုံးစာမေးပွဲ ရောက်တဲ့အချိန်အထိ စာဖတ်တာလို့လည်း ပြောကြ တယ်။ စာကျက်တယ်ဆိုတာ ပါးစပ်ကနေ အော်နေတာထက် ပိုပြီးလေးနက်တယ်လို့ ခံယူထားသင့်တယ်။ ဘာသာရပ်တစ်ခုကို သိရှိအောင်လုပ်ခြင်း၊ မှတ်မိ အောင်လုပ်ခြင်း၊ ကျွမ်းကျင်အောင်လုပ်ခြင်း၊ စစ် ဆေးမှုကို အောင်မြင်အောင်လုပ်ခြင်းဆိုတဲ့ အဓိပ္ပာယ် တွေလည်း ပါနေတယ်။
စာကျက်တယ်ဆိုတာ စာမေးပွဲတစ်ခုခုကို အောင်မြင်ဖို့လုပ်တာမျိုး၊ စာဖတ်တယ်ဆိုတာ ဘာသာရပ်တစ်ခုခုကို သိအောင်၊ နားလည်အောင် လုပ်တဲ့သဘောလည်းဆောင်နေသေးတယ်။
သိအောင်ပဲလုပ်လုပ်၊ တတ်အောင်ပဲလုပ်လုပ်၊ အောင်ဖို့ပဲလုပ်လုပ် သိထားသင့်တဲ့ စာဖတ်နည်း ၇ ချက်ကို မျှဝေချင်ပါတယ်။ လိုက်နာနိုင်ရင်လည်း လိုက်နာ၊ ဒါမှမဟုတ် ကိုယ့်မှာရှိတဲ့နည်းက ပိုကောင်း တယ်ဆိုရင်လည်း အဲဒီနည်းအတိုင်းပဲဆက်သွားပေါ့။
၁။ သင်ရိုးတစ်ခုလုံး နှံ့စပ်အောင်ဖတ်ပါ
ပြဋ္ဌန်းသင်ရိုးဆိုတာ ကျောင်းသားနဲ့ ဆရာကြား မှာ နားလည်မှုယူထားတဲ့ သတ်မှတ်ထားချက်တစ်ခုလို့ ပြောရမယ်။ သိချင်ရင်ကြည့်၊ နားလည်ချင်ရင်ဖတ်၊ ပိုတတ်ချင်ရင်လေ့လာ၊ အမှတ်ကောင်းကောင်း လိုချင်ရင်အထောက်အကူပေးနိုင်တဲ့ နေရာတစ်နေရာလို့ လက်ခံထားရမယ်။ ပြဋ္ဌာန်းစာအုပ်ဆိုတာ အကျဉ်းချုပ်လည်း ထုတ်ပြထားတာရှိရမယ်။ အကျယ်ချဲ့ပြီး ပြောထားနိုင်တာလည်းရှိရမယ်။ အဆင့်ဆင့် နားလည်မှုကို မြှင့်တင်ပေးသွားနိုင်စွမ်းလည်းရှိရ မယ်။ တစ်ခန်းပြီးတစ်ခန်း ဖတ်ချင်အောင် ပြုစုထား တဲ့ ပြဋ္ဌာန်းချက်ဆိုရင် ကျောင်းသားကလည်း တစ်ဆင့်ပြီးတစ်ဆင့် တက်သွားချင်မှာပါ။ အခန်း တိုင်းဟာ ဆက်စပ်မှုရှိပြီး မသိမဖြစ်အနေအထားကို ရောက်မှလည်း ကျောင်းသားကဖတ်ချင်လိမ့်မယ်။ စံအတိုင်း သတ်မှတ်ပြဋ္ဌာန်းထားတဲ့ သင်ရိုးကို အစ ကနေ အဆုံးတိုင်အောင် နှံ့စပ်အောင်ဖတ်သွားမယ် ဆိုရင် ကျောင်းသားအတွက် အကျိုးရှိနိုင်ပါတယ်။
၂။ ပြက္ခဒိန်ဇယား ရေးဆွဲထားပါ
သူတို့နိုင်ငံတွေက ကျောင်းတွေမှာတော့ ကျောင်းသားတွေကို assignment တွေလုပ်ခိုင်းတယ်။ ဘယ်နေ့နောက်ဆုံးတင်ရမယ်ဆိုပြီးတော့လည်း due date ကို ပေးထားတတ်တယ်။ ကိုယ့်ဘာသာကိုယ် စာကြည့်တိုက်တွေမှာ လေ့လာပြီးတင်ရင်လည်းရတယ်။ ဒီလို assignment တွေပေးထားရင် ပြက္ခဒိန် မှာ မှတ်ထားလိုက်ပါ။ မဖြစ်မနေလုပ်ရမယ့် ကိစ္စတစ် ခုလို့ သတ်မှတ်ပြီး အကောင်းဆုံးပြင်ဆင်နိုင်အောင် ကြိုးစားကြည့်ပါ။
၃။ စာဖတ်ကူပစ္စည်းတွေကိုသုံးပါ
နည်းနည်းထူးဆန်းနေလိမ့်မယ်ထင်တယ်။ စာထိုင်ဖတ်ရင် မျက်လုံးတစ်ခုတည်း အလုပ်လုပ်ရ တယ်လို့ထင်ရင်မှားမယ်။ ဘေးနားမှာ ပေတံ၊ highlight pen အရောင်မျိုးစုံ၊ ဘော့ပင်စတာတွေ အစုံအလင် အသင့်ပြင်ထားသင့်တယ်။ ရေငတ်တတ်ရင် ရေပုလင်းပါဆောင်ထားလိုက်ဦး။ ဖတ်စာအုပ်ကို ညစ်ပတ်မှာ မကြောက်ပါနဲ့။ ဆရာတွေက ဖတ်စာအုပ်ကို ညစ်ပတ်အောင်လုပ်ရင် ရိုက်မယ်ဆိုပြီး အတွေးတိမ်တိမ်နဲ့ တားမြစ်လာရင် သူတို့အတွက် ဖတ်စာအုပ်အသစ်တစ်အုပ် ကျောင်းမှာအပြီးထားခဲ့လိုက်ပါ။ ဖတ်စာအုပ်ကို ဖတ်နေရင်းက အရေးကြီး တယ်ထင်တာတွေ မျဉ်းသားမယ်။ ဘေးနေရာလွတ် မှာ မှတ်ချက်တွေရေးမယ်။ ထပ်ဖြည့်ချင်တာ မြားထိုးပြီး ဖြည့်ချင်ဖြည့်ထားမယ်။ နေရာမလောက် ရင် စာရွက်နဲ့ ထပ်ဖြည့်ပြီး ကပ်ချင်ကပ်ထားမယ်။
ခက်ခဲတဲ့စာလုံးတွေအောက်မှာ highlighting လုပ်လိုက်တာဟာ မျက်စိကို သတိထားမိပြီး မှတ်ရ လွယ်စေတယ်။ ကိုယ့် assignment မှာ ဖြည့်ချင်တာ ထည့်ချင်တာလေးတွေကို ဖတ်ရင်းနဲ့ မှတ်သွားရင် ပြန်ရှာရလွယ်လိမ့်မယ်။
၎။ ဖတ်ရင်းနဲ့ရှာ
စာဖတ်သွားရင်းနဲ့ ခက်ခဲတဲ့စာလုံး၊ အဓိပ္ပာယ် နားမလည်တဲ့စာလုံးတွေကိုတွေ့ရင် dictionary မှာ ရှာကြည့်မယ်။ မတွေ့ရင် အင်တာနက်ထဲဝင်ပြီး အွန်လိုင်းမှာရှာနိုင်အောင် ကြိုးစားမယ်။ အဓိပ္ပာယ် တွေကို ချရေးထားမယ်။
၅။ မှတ်စုပြန်ရေး
အွန်လိုင်းကနေပညာရှာသူတွေဖြစ်စေ၊ စာသင်ခန်းထဲမှာ စာသင်နေရသူတွေဖြစ်စေ ဆွေးနွေးချက် တွေကို ကိုယ်နားလည်သလို မှတ်စုပြန်ရေးနိုင်အောင် ကြိုးစားသင့်တယ်။ ဆရာပြောနေတာတွေကို တစ်လုံးမကျန် လိုက်ရေးခိုင်းနေတာမဟုတ်ဘူး။ ဟောပြော ပို့ချချက်တွေကို ကြိုက်ရင် ကိုယ့်မှပါတဲ့ ဖုန်း သို့မဟုတ် MP3 player လောက်နဲ့ အသံဖမ်းထားလိုက် လို့ရတယ်။ လိုချင်တာက ပထမဦးဆုံး ပြောတာတွေကို စိတ်နဲ့မှတ်လိုက်မယ်၊ ပြီးရင် နားလည်သလို ပြန်ချရေးတယ်ဆိုတာက စိတ်ထဲမှာ စွဲသွားပြီး မမေ့ တော့ဘူး။
ဟောပြောပို့ချချက်တွေဆိုတာ လိုက်ရေးဖို့ မဟုတ်ဘူး။ နားလည်အောင်နားထောင် အတန်းပြီး ရင် ပြန်ရေးကြည့်ဖို့ကြိုးစားရမှာ။ ကွန်ပျူတာသုံးရင် ကွန်ပျူတာထဲမှာ စာနဲ့ရိုက်ထား၊ ဆက်စပ်တာတွေကို သိချင်ရင် အွန်လိုင်းမှာရှာ၊ လိုချင်တာတွေကို ဖိုင်တွဲထား သို့မဟုတ် ညွှန်းထားလိုက်ရင် ကိုယ့်အတွက် အကျိုးရှိနိုင်ပါတယ်။ အဓိကလိုအပ်တာ တစ်ခေါက် လောက်ပြန်ရေးကြည့်ပါ။
၆။ Study Guide ထားပါ
Study guide ဆိုတာ ဆရာငှားခိုင်းတာမဟုတ် ဘူး။ ပြဋ္ဌာန်း text book တွေထဲမှာ မပါတဲ့အကြောင်း အရာကို ထပ်ညွှန်းနိုင်တဲ့သူတွေကိုပြောတာ။ ပြဋ္ဌာန်း ချက်ထက်ပိုသိချင်ရင် စာအုပ်ကိုထုတ်ဝေတဲ့ textbook publisher's website ကို သွားကြည့်တာ အကောင်းဆုံး study guide လို့ပြောနိုင်တယ်။ သူတို့ နိုင်ငံတွေက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ ထုတ်ဝေတဲ့တိုက်တွေမှာက ကိုယ်ပိုင် website တွေ၊ ရှင်းလင်းချက်တွေ၊ စာအုပ်အညွှန်းတွေ စုံလင်အောင် ဖော်ပြထားတတ်တယ်။
၇။ ဖတ်သမျှ မှတ်သမျှ ပြန်အသုံးချပါ
ဖတ်ပြီး ပြန်အသုံးမချနိုင်ရင် မေ့လွယ် ပျောက် လွယ်တတ်တယ်။ ကိုယ်ဖတ်ထားတာတွေကို ပြန်မရေးနိုင်သည့်တိုင်အောင် သူငယ်ချင်းတစ် ယောက်ယောက်ကို ပြန်ပြောပြနိုင်အောင် ကြိုးစား ကြည့်ပါ။ သူငယ်ချင်းကိုလည်း သူဖတ်ထားတာ ကိုယ့်ကို ပြန်ပြောပြနိုင်ဖို့ အခွင့်အရေးတစ်ခုပေးထား ပါ။ ဒါဆိုရင် အပြန်အလှန် အကြောင်းအရာနှစ်ခု အကျိုးရှိနိုင်ပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ် စာလည်းရ၊ စကားပြောလည်းလေ့ကျင့်ရာရောက်တဲ့ အကောင်းဆုံးအစီအစဉ်လေးတစ်ခုလို့ ပြောနိုင် တယ်။
ယခုပြောခဲ့တဲ့ အကြောင်းအရာတွေကို သဘော ကျတာလည်းရှိမယ်။ သဘောမကျတာလည်း ရှိနိုင်ပါ တယ်။ ဒါပေမယ့် စနစ်ကျတဲ့ လေ့လာနည်းတစ်ခုအနေနဲ့တော့ ပညာရှင်တွေက လက်ခံကြပါတယ်။ စာကျက်တယ်ဆိုတာကို သူတို့နိုင်ငံတွေမှာက သိပ် လက်မခံကြတော့ပါဘူး။ ဒီမှာလို အသံကုန်အော် ကျက်နေတာမျိုးတွေဟာ ခေတ်မမီတော့ဘူး။ ပြီးတော့ ဖတ်စာအုပ်လောက်နဲ့ ကျေနပ်နေတဲ့၊ ဖတ် စာအုပ်လောက်ကို အားကိုးနေကြတဲ့ ပညာရေးမျိုး လည်း မဟုတ်ကြတော့ဘူး။ ခေတ်ပြောင်း၊ စနစ် ပြောင်း၊ လေ့လာမှုပုံစံတွေပြောင်းနေပြီ။
ဆရာတွေက စာသင်ခန်းထဲရောက်လာရင် ငါဟာရှင်ဘုရင်လို့ သဘောထားတဲ့ ပညာရေးမျိုးကလည်း ခေတ်မရှိတော့ဘူး။ လက်ထဲက ကြိမ်လုံးကို သံလျက်လိုသဘောထားပြီး စေတစ်လုံးနဲ့ အုပ်ချုပ်ကြ တဲ့ ပညာရေးစနစ်မျိုးလည်း ကမ္ဘာမှာ မထွန်းကား တော့ဘူး။ ဆရာဗဟိုပြုသင်ကြားရေးကနေ ကျောင်း သားဗဟိုပြုပညာရေး၊ ကျောင်းသားလိုချင်တာကို ပေးပါဆိုတဲ့ ပညာရေးစနစ်မျိုးကို ပြောင်းလဲလာချိန်မှာ ကလေးတွေကို စာကျက်ခိုင်းပြီး လက်လေးတွေပိုက် အလွတ်ဆိုခိုင်းတာထက်၊ စာဖတ်နိုင်အောင် စာဖတ်တတ်အောင် လမ်းညွှန်ပြတဲ့ဆရာတွေရှိရင် ကောင်းမယ်ထင်ပါတယ်။

No comments:

Blogger Themes

footer