အိန္ဒိယ နဲ့ ဗုဒ္ဓသာသနာ တနေ့တခြား တိုးတက်ပြန့်ပွားမှုက အားတက်စရာပါ၊ ဒီ
ကမ္ဘာ့လူဦးရေ အများဆုံးနဲ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံတော်မှာ သာသနာ
အဓိကပြုတော်မူနေကြတဲ့ နိုင်ငံတွေကတော့
မြန်မာရဟန်းတော် တွေနဲ့ သီရိလင်္ကာ ရဟန်းတော်တွေ ဆိုတာကြားရတော့ ရှေ့ရှေ့
နောင်တော်တွေရဲ့ ပခုံးထမ်း သာသနာကို ကြည်ညိုလို့မဆုံး.....
ဒီနေ့ ကျောင်းတက်ဖော် ဟိမာချာ(ဟိမဝန္တာ) ဘက်က ကျောင်းသွားဖော် အိန္ဒိယ ကျောင်းသား ဗုဒ္ဓဘာသာဝင်ကောင်လေးနဲ့ စကားပြောဖြစ်တော့......
"ဘန္တေရဲ့ အိန္ဒိယ တနိုင်ငံလုံးမှာ ဗုဒ္ဓဘာသာဝင် သန်း၆၀ ကျော်ရှိတယ်ဗျ" တဲ့
အိုးးးးးး ငါတို့ နိုင်ငံက လူဦးရေ ထက်တောင် များနေပါလား....... ကိုယ့်မှာ
ကြည်နူးလို့ မဆုံး၊ တကယ်ဆို အိန္ဒိယ လို ကမ္ဘာ့ ဂွအကျဆုံး နိုင်ငံမှာ သာသနာ
ပြုဖို့ဆိုတာ လွယ်လွယ်နဲ့တော့မရ၊ english စကားပြောဘယ်လောက် တတ်တတ် own
language ကလွဲ ဖွဲနဲ့ စကွဲ ထင်တဲ့ လူတွေကြား ဘာသာစကား အခက်ခဲ တခုတည်းနဲ့တင်
မည်မျှ ခက်ခဲလိမ့်မလဲ တွေးကြည့်နိုင်သည်၊
"ရှင်တို့ ဒီလိုသာ
CASTE (ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှု) အရမ်းပြင်းထန်နေမယ် ဆိုရင်၊ ခုကျမ
အုပ်ချုပ်နေတဲ့ ဥတ္တရာပရာဒေဂ်ျ့ ပြည်နယ် တပြည်နယ်လုံး ဗုဒ္ဓဘာသာကို ဆည်းကပ်
ခိုင်းရပါလိမ့်မယ်"
ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဝန်ကြီးချုပ်
မာယာဝတီရဲ့ စကားကြောင့် လွှတ်တော် ခန်းမ တခုလုံး ငြိမ်သွားကာ သိသိသာသာ
ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှု လျှော့ကျသွားခဲ့ရလေသည်ဆိုပဲ၊
ကျောင်းသွားဖော် ကောင်းလေးက ဆက်ပြောသည်
"she is the iron lady of india" တဲ့
ဗုဒ္ဓဘာသာရဟန်းတော် တပါးအနေနဲ့ရော ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့နော် ကြားရတဲ့ စကားတွေက ကြည်နူးလို့မဆုံး၊
(ဗုဒ္ဓသာသနံ စိရံ continue)


No comments:
Post a Comment