welcome to Orchid(Shwethazin) Middle School

you are wellcome to our Orchid(Shwethazin) middle School. Goal: To be beautiful the future of Children Objective: (1) To be rights equally education for every migrant worker’s children safely staying and studying (2) To be rights the culture and knowledge for every children (3) To get more knowledge for Burmese Migrants (4) To be unity all Burmese migrant children in Thailand (5) To come out the future leader for Myanmar (6) To create and provide educational opportunities for less fortunate children, orphans, and also protect children and youth’s rights, and value. jksoesan@gmail.com,newgenerations88@gmail.com ,တောင်းပန်လွာ This is Shwethazin Migrant students who come form Myanmar. There are over 100 students in our school. About 10 students live in school but we don't have any food fee for the students. We don't have any Donner.

Tuesday, November 13, 2012

မြန်မာနိုင်ငံတွင် မသင်မနေရ အလယ်တန်း ပညာရေး ပြုလုပ်မည်ဟု ဆို

 ရန်ကုန်၊ နိုဝင်ဘာ ၇

ပညာရေး ဝန်ကြီးဌာန၏ အနှစ် ၃၀ ပညာရေး စီမံကိန်းတွင် ပါဝင်သည့် အခမဲ့ မူလတန်း ပညာရေး စနစ် အကောင်အထည် ဖော်ပြီးနောက် မသင်မနေရ အလယ်တန်း ပညာရေး စနစ်ကိုပါ ထပ်မံပြုလုပ် သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး တိုင်းပညာရေးမှူးက The Voice Weekly သို့ ပြောကြားသည်။


အခမဲ့ မူလတန်း ပညာရေး စနစ် ကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး သင်ရိုး စာအုပ် များ၊ လေ့ကျင့်ခန်း စာအုပ်များ ကိုပါ အခမဲ့ ပေးခဲ့ကြောင်း၊ မူလတန်း အဆင့် ကျောင်းထွက်နှုန်း မြင့်မားမှုကို ထိန်းချုပ် နိုင်သည့် အချိန်ကျမှသာ အလယ်တန်း အဆင့် ပညာရေး အတွက် ထပ်မံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းကပြော ကြားသည်။
"မူလတန်း အဆင့်တောင် ကျောင်းထွက်နှုန်း တော်တော်မြင့်နေတာ။ ဒါကို ထိန်းနိုင်မှပဲ အလယ်တန်း အဆင့်ကို ဆက်သွားဖို့ များတယ်" ဟု တနင်္သာရီတိုင်း ဒေသကြီး ပညာရေးမှူးက ရှင်းပြသည်။ မြန်မာနိုင်ငံရှိ သူငယ်တန်းနှင့် ပထမ တန်းကျောင်းသား၊ ကျောင်းသူများသည် ကျောင်းထွက်သည့်နှုန်း အမြင့်ဆုံး ဖြစ်နေ ကြောင်း ပညာရေး ဝန်ကြီးဌာန၏ အချက် အလက်များကိုမှီငြမ်းကာ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) (မြန်မာ)၏ ပညာရေးဌာန ဌာနမှူး နစ်ကီအဘရီရှာမီယန်ကThe Voice Weekly သို့ ပြောကြားသည်။

ယင်းကဲ့သို့ ကျောင်းထွက် ရသည့် အဓိက အကြောင်းအရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်ပြီး မိသားစု ဦးရေများ သည့် အိမ်ထောင်စုများတွင် ကျောင်းထွက်သည့် ကလေး ပိုမိုများပြားကြောင်း၊ ထို့အပြင် ဘာသာစကား အခက်အခဲသည်လည်း တစ်ခု အပါအဝင် ဖြစ်ကြောင်း နစ်ကီအဘရီရှာမီယန်က ရှင်းပြသည်။

ကျောင်းထွက်မှု အမြင့်ဆုံးသည် သူငယ်တန်းမှ ဒုတိယတန်း အထိဖြစ်ပြီး ဒုတိယတန်း ကျောင်းသား အများစုသည် မိသားစု စီးပွားရေး အခက်အခဲကြောင့် ကျောင်းပြင်ပတွင် အလုပ်သွားရောက် လုပ်ကိုင်ရခြင်းများ ရှိကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။ မူလတန်းပညာ အခမဲ့ သင်ကြားရေး အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာနက ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စတင် လုပ်ဆောင် ခဲ့ကြောင်း၊ ယင်းစီမံချက်ကို နှစ်စဉ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပညာရေးမှူး ကThe Voice Weekly သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူလတန်း ပညာပြီးဆုံးမှု အများဆုံး ဒေသများမှာ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ဖြစ်ကြပြီး အနည်းဆုံး ပြည်နယ်များမှာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အစိုးရက နှစ်ဆတိုးမြှင့် ပေးခဲ့သည့် ပညာရေး အသုံးစရိတ်မှာ လက်ရှိ ဆောင်ရွက်နေသည့် နှစ် ၃၀ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် မလုံလောက်ကြောင်း၊ နိုင်ငံတကာ ပညာရေး အသုံးစရိတ်နှင့် ယှဉ်ပါက နည်းပါးနေသေး ကြောင်း ၄င်းက အကြံပြုပြောကြားသည်။ ယခု ဘဏ္ဍာနှစ်အတွက် ပညာရေး ထပ်တိုး အသုံးစရိတ်အဖြစ် ၁၂ ဘီလီယံကျော် (၁၂၇၂၆.၈၆ သန်း) ကို ပညာရေးဝန်ကြီး ဌာနမှ ရရှိခဲ့ပြီး အဆိုပါ အသုံးစရိတ်ထဲမှ သာမန် ထပ်တိုး အသုံးစရိတ် အဖြစ် သုံးဘီလီယံကျော် (၃၇၄၆.၄၉၂ သန်း) ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် မူလတန်း အဆင့် ပညာသင်ကြားလျက် ရှိသော ကျောင်းသား ပမာဏ သည် ၅၁၉၅၉၅၂ ဦးရှိပြီး အလယ်တန်းအဆင့် ပညာသင်ကြားနေသော ကျောင်းသား ပမာဏသည် ၂၃၃၂၂၄၉ ဦး ရှိကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။

No comments:

Blogger Themes

footer