- Published on Friday, 23 November 2012 03:00
- Written by Ywarthit Gyi students
ယခုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနစ်၊ နိုဝင်ဘာလ (၂၃)ရက် နေ့ တွင်လည်း သတင်းစာရှင်းလင်းပွဲတစ်ခု ဆက်လက်ပြီး မန္တလေးကျောင်းတွင် ဆက်လက်ပြုလုပ်မည့် အစီအစဉ် ရှိကြောင်း ပြောသည်။
''ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က မန္တလေးမှာပဲ ဆက်ပြီး ကျောင်းတက်သွားချင်တယ် ကျွန်တော်တို့က ဆန္ဒပြတာမဟုတ်ဘူး လမ်းလျှောက်ချီတက်တာပါ'' ဟု လမ်းလျှောက် ချီတက်ပွဲတွင် ပါဝင်သူ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် မှ ကျောင်းသားတစ်ဦးက ပြောပါသည်။
ကျောင်းပြောင်းရွှေ့ရမည့် ကိစ္စ နှင့်ပတ်သက်ပြီး ၂၀၁၂ ခုနစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ တွင်လည်း ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် မှ ကျောင်းသားများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။
၎င်းကိစ္စနှင့် နိုင်ငံတော်သမ္မတကြီးထံ အသနားခံစာကို နှစ်ကြိမ်တိတိ ပို့ထားကြောင်းသိရသည်။ ပထမအကြိမ် ၅.၁၀.၂၀၁၂ က တစ်ကြိမ်၊ ၁၅.၁၀.၂၀၁၂ က တစ်ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment