welcome to Orchid(Shwethazin) Middle School

you are wellcome to our Orchid(Shwethazin) middle School. Goal: To be beautiful the future of Children Objective: (1) To be rights equally education for every migrant worker’s children safely staying and studying (2) To be rights the culture and knowledge for every children (3) To get more knowledge for Burmese Migrants (4) To be unity all Burmese migrant children in Thailand (5) To come out the future leader for Myanmar (6) To create and provide educational opportunities for less fortunate children, orphans, and also protect children and youth’s rights, and value. jksoesan@gmail.com,newgenerations88@gmail.com ,တောင်းပန်လွာ This is Shwethazin Migrant students who come form Myanmar. There are over 100 students in our school. About 10 students live in school but we don't have any food fee for the students. We don't have any Donner.

Tuesday, November 13, 2012

ပညာရေးမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချရင် ပညာသင်ကြားခွင့် တိုးတက်လာနိုင်

Published on Tuesday, 13 November 2012 07:53Written by ကိုရွှေဇင်၊ လူမွန်
ကလေးသူငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးအောင် အစိုးရကျောင်းတွေမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့လိုသလို ပရဟိတပညာရေးလုပ်ငန်းတွေကိုလည်း စနစ်တကျနဲ့ဖွဲ့စည်းနိုင်အောင် ကူညီပံ့ပိုး ပေးဖို့ လိုအပ်တယ်လို့ သိရတယ်။
'ဆရာတွေရဲ့ အရည်အသွေး ပိုကောင်းအောင် လုပ်ပေးဖို့ လိုတယ်၊ ကျောင်းတွေမှာ ဗဟိုချုပ်ကိုင်မှု လျှော့ပြီး အောက်ခြေမှာ သွက်သွက်လက်လက် ဆက်သွယ်စီမံခန့်ခွဲမှု လိုတယ်၊ ပိုပြီးမြင်သာ လျင်မြန်အောင် လုပ်ကိုင်ရမယ်' လို့ကျန်းမာရေးစီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖုန်းမြင့်က ပြောပါတယ်။



ကျေးလက်နဲ့မြို့ပြတွေမှာ နေထိုင်ကြတဲ့ကလေးတွေရဲ့ ပညာသင်ကြားမှုက ကွာခြားနေပါတယ်။ အခြေခံပညာသင်ကြားမှု တိုးတက်လာပေမဲ့ သာတူညီမျှမရှိဘဲ တချို့ကျေးလက်ဒေသတွေမှာ နိမ့်ကျ နေဆဲဖြစ်တယ်လို့ သိရတယ်။
အခြေခံကျောင်းနေအရွယ် ကလေးတွေရဲ့ ၅၈.၃ ရာခိုင်နှုန်းသာ အခြေခံပညာသင်ကြားခွင့် ရနေတယ် လို့ ၂ဝဝ၉-၂ဝ၁ဝဘက်စုံလူမှုရေး အညွှန်းကိန်းများ စစ်တမ်းအရ သိရပါတယ်။ မိခင်ရဲ့ ပညာရေးဟာ လည်းကလေးငယ်ရဲ့ ပညာသင်ကြားခွင့်အပေါ် သက်ရောက်မှုရှိတယ်လို့လည်း သိရပါတယ်။
ပရဟိတမှာများ
'ကလေးတွေကို စောင့်ရှောက်ပေးနေတာရှိပါတယ်၊ မိဘမဲ့ကို စောင့်ရှောက်တာမဟုတ်ဘဲ လေလွင့် ကလေးတွေ စောင့်ရှောက်တာ၊ အစိုးရဘက်က ဆောင်ရွက်ပေးတာ နည်းတယ်၊ ဘုန်းတော်ကြီး ကျောင်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေက စောင့်ရှောက်တာများတယ်' လို့ဒေါက်တာဖုန်းမြင့်က ဆိုပါတယ်။
ပြင်ပ ပညာရေး ဝန်ဆောင်မှု သိသိသာသာများပြားနေပြီး မှတ်ပုံတင်ထားတဲ့ ကျောင်းတွေမှာ ပညာ သင်ကြားနေတဲ့ကလေး ၁၈ဝ,ဝဝဝ လောက်ရှိပြီး ဘုန်းတော်ကြီး ပညာသင်စနစ်မှာ ကလေးငယ် နှစ်သိန်းနီးပါးလောက် ရှိနေတယ်လို့ သိရတယ်။
ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတာဟာ ပညာရေးဆိုင်ရာ အခွင့်အရေးမရတာ၊ ဟန့်တားမှုရှိနေတာ ပညာရေးဝန်ဆောင်မှု အရည်အသွေး အကန့်အသတ်ရှိတာနဲ့ ကုန်ကျ စရိတ်တွေ ကြောင့်ဖြစ်တယ်လို့ သိရတယ်။
ကျောင်းနေအရွယ် ကျောင်းမနေရတဲ့ကလေးတွေရဲ့ ၃ဝ ရာခိုင်နှုန်းဟာ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုး ကြောင့်ဖြစ်တယ်လို့ ၂ဝဝ၉ ခုနှစ် စစ်တမ်းတွေအရ သိရတယ်။ ပညာရေးနဲ့ ပတ်သက်လို့ အခြေခံ အဆောက်အအုံ မလုံလောက်တာ၊ ဆရာ ဆရာမ မလုံလောက်တာ၊ ခေတ်မမီတော့တတဲ့ ပညာရေး သင်ကြားမှုစနစ်နဲ့ ဆရာကျောင်းသားအချိုး မညီမျှတာတွေဟာ ပညာရေးရဲ့ အရည်အသွေးကို အဟန့်အတားဖြစ်စေတယ်လို့ ဒေါက်တာဖုန်းမြင့်က ဆိုပါတယ်။
တိုင်းရင်းသားလူမျိုးစု ကလေးငယ်တွေအတွက် ဘာသာစကား အဟန့်အတားဟာလည်း ကျောင်း ထွက်ရတာရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ကျောင်းထွက်လာတဲ့ကလေးတွေအတွက် ကျောင်းပြင်ပ ပညာရေးဆောင်ရွက်မှုတွေလည်း အလွန်နည်းတယ်လို့ သိရတယ်။
'တချို့နိုင်ငံတွေမှာ ကျောင်းလာတက်တဲ့ကလေးကို ပြန်ထောက်ပံ့ပေးတာတွေရှိတယ်၊ ဒီလိုလုပ်နိုင် ရင် ကလေးရဲ့ စရိတ်ပြန်ကာမိလို့ ကျောင်းတက်ပညာသင်တဲ့နှုန်း မြင့်လာနိုင်တယ်' လို့ ဒေါက်တာ ဖုန်းမြင့်က ဆိုပါတယ်။
ကျေးလက်နဲ့ မြို့ပြပညာသင်ကြားမှုနှုန်း ကွာခြားလျက်ရှိပြီး ကလေးငယ်တွေ ပညာသင်ကြားခွင့် အတွက် ပညာရေးမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး လိုအပ်သလို ဆရာ ဆရာမ ခန့်ထားပိုင်ခွင့်လည်း ရှိဖို့ လိုအပ်ပါတယ်။
'သင်ကြားမှုစနစ်မှာ စာကို အလွတ်ကျက်နေဆဲဖြစ်လို့ ဒါတွေလဲ ပြုပြင်ဖို့၊ ကျောင်းတက်ရတဲ့ ကလေးတွေ များလာပေမဲ့ ဒီထက်မက ကျောင်းတက်ဖို့ လိုပါတယ်၊ အလယ်တန်းအဆင့်မှာလဲ စာအလွတ်ကျက်နေရဆဲဖြစ်နေတယ်၊ ဆရာတစ်ယောက်အတွက် ကလေးနဲ့ အတန်းအရွယ်အစား ကြီးမားလို့ အခက်အခဲတွေဖြစ်နေတာ တွေ့ရတယ်၊ ကလေးသူငယ် ဗဟိုပြုသင်ကြားဖို့ ဆရာ မလုံလောက်လို့ အခက်အခဲကြုံနေရဆဲပဲ' လို့ ဒေါက်တာဖုန်းမြင့်က ရှင်းပြပါတယ်။
ကုမုဒြာ သတင်းဂျာနယ် (နိုဝင်ဘာလ ၁၃၊ ၂ဝ၁၂)

No comments:

Blogger Themes

footer