ME-မှ လာပေးသော ဆရာ၊မ များ၏လစာ(ထောက်ပံ့ကြေး)မှာ သာမာန် အလုပ်သားများထက် သုံးဆကျော် နည်းပါးသည်ဟု ဆရာမများက အခုလိုဆက်ပြောသည်။ " ကျမတို့ ၅ လပိုင်း ကျောင်းစဖွင့်ချိန်မှ အခု ၈
လပိုင်းကုန်လောက်မှ လစာလာပေးတာ။ ကျမတို့လည်း လစာလာပေးတယ်ဆိုတော့ ပျော်တာပေါ့။ စား ၀တ်နေရေးက အကြွေးအများကြီးတင်နေပြီလေ။ သူတို့လစာလာပေးမှ စိတ်အယမ်းကုန်သွားရတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့လာပေးတာ လစာက တလကို ဘတ်-၆၀၀ ကျော်ပဲလာပေးတယ်လေ။ ဒါက ဘယ်လိုမှ ခံစားလို့မရဘူးလေ။ ဒါ ဆရာ၊မများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ဒီမှာလာပြီး စာသင် တာဟာ စေတနာအရင်းခံနှင့် စာလာသင်တာ။ ကျောင်းဖွင့်တုန်းက ဆရာ၊မ များ၏အခြေခံလာစာကို ဘတ်- ၃၀၀၀ ပေးမယ်လို့ ME-ရုံးအဖွဲ့တွေက လာရှင်းပြခဲ့တယ်။ အခုတော့ ဘယ်လို သဘောနဲ့ ဒီလိုလုပ်ရတာ လည်းဆိုတာ မသိတော့ဘူးလေ။ လုပ်သက်၊ သင်တန်းအတွေ့အကြုံတွေ နဲ့ဆိုရင်ဘတ်-၃၀၀၀ ကျော်
ဖြစ်ရမှာ။ အခု လစာရတဲ့ကျောင်းအထဲမှာ (SAW ကျာင်း၊ ဆာမူတော်၊ ခွဲကဘောင်ကျောင်း) ခွဲကဘောင်
ကျောင်းကသူများကျောင်းနဲ့စာရင် လစာအနည်းဆုံးဖြစ်နေတယ်။ ဘာကြောင်းဒီလိုဖြစ်ရတာလဲ.။ နောက် ဆုံးအနေနဲ့ ME-ကို တခုမေးချင်တာက ခင်ဗျားတို့ရဲ့ပညာအရည်ချင်းကို ဘယ်သူ ဘယ်လိုသတ်မှတ်ပြီး ဘယ်သူက ခင်ဗျားတို့ရဲ့ လစာကို သတ်မှတ်ပေးသလဲဆိုတာကို သိစေချင်ပါတယ်။ ခင်ဗျားတို့လို
အောက်တန်းကျစိတ်ကူးတွေနဲ့ တို့မြန်မာနိုင်ငံရဲ့ ပညာရေးကို ဘယ်လိုဆက်လက်သွားမှာလဲဆိုတာ ကို ပါနည်းနည်းထည့်တွက်သင့်တယ်။ ညနေကျရင် ဘီယာဆိုင်၊ ညဓျေးတွေမှာငွေကုန်၊ အချိန်ကုန်နေမယ့် အစား မြန်မာနိုင်ငံရဲ့မျိုးဆက်သစ်လူငယ်များကို ကူညီဆောင်ရွက်ခြင်းက ပိုပြီးအကျိုးရှိနိုင်သည်ဟု ယူဆတယ်။
- ME-ရုံးအဖွဲ့ဟာ အနည်းဆုံး တလကိုလစာ ၆၀၀၀ ကနေ ၁၀၀၀၀ အထိ ရှိတယ်။ ဆရာ၊မ တွေကျတော့ ၆၀၀-၃၀၀၀ ဘတ်ရှိ တယ်။ ဒါက လုံးဝကို တရားမျှတမှုမရှိဘူးလေ။ ကျမထင်တာက ခင်ဗျားတို့ပဲ ၂၄-နာရီလုပ်တာဖြစ်လို့ ဒီလောက်ရသင့်တယ်ဆိုတာ ဆရာ၊မ များနားလည်ထားရမှာ ပါ။ ဒီပြဿနာကို ခင်ဗျားတို့ME-အနေနဲ့ မရှင်းပေးဘူးဆိုရင် ဆရာ၊မများအနေနဲ့လည်း လုပ်သင့်တာကို ဆက်လက်လုပ်သွားရမှာဖြစ်တယ်ဆိုတာကို အသိပေးတယ်ဟု ဆရာ၊မ များ၏ဆန္ဒကို ထုတ်ဖေါ်ပြောလိုက်တယ်။

No comments:
Post a Comment