၂၄-နှစ်မြောက် ၈၈ အရေးအခင်းကို ကရင်အမျိုး သားစာသင်ကျောင်းတွင်ပြုလုပ်ခဲ့သည်။ post ten ပြဆရာများက ၈၈ အရေးအခင်း ဘာလို့ဖြစ်ရ
တယ်ဆိုတာကို အကျယ်တ၀န်းရှင်းပြခဲ့သည်။
ကျောင်းအုပ်ကြီးကလည်း ကျောင်းသား၊သူတွေကို
၈၈ အခင်းဖြစ်ပွါးတဲ့နေရာရက်စွဲ၊
အတိအကျတွေကို မေးခွန်းပုံစံဖြင့် မေးဖြေပြုလုပ်
ပေးပြီး ကျောင်းသား၊သူတွေဆိုတာ နိုင်ငံတော်အ တွက်ဘယ်လောက်အရေးပါပုံကိုလည်း လက်တွေ့ ဘ၀တွေနှင့်နိုင်ယဉ်လို့ရအောင် ရှင်းလင်းပြောပြ
ခဲ့သည်။ နောက်ဆုံး အရေးအခင်းနှင့်ပတ်သက်သည့် ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေကိုလည်း ပြသပေးခဲ့
သည်။
၈၈ အရေးတော်ပုံကြီးတွင် ကျဆုံးသွားသော အကို အမ များအား အောက်မေ့သတိရဂုဏ်ပြုသော အားဖြင့် ဆရာ၊မများနှင့် ကျောင်းသား၊သူအားလုံး ၁ မိနစ်ငြိမ်သက်ဂါရ၀ပြုခဲ့ကြသည်။ အခမ်းအနားကို ညနေ ၂-နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

No comments:
Post a Comment