စက်တင်ဘာလ -၁ ရက် နေ့ညနေ ၂ နာရီကျော်တွင် လစာ နည်းသော ရွေ့ပြောင်းမြန်မာ ဆရာ၊ မ များစုပေါင်းပြီး CDC ကျောင်း တွင်ပြုလုပ်သော (BMTA-EC )ရဲ့အစည်းအဝေးကို သွားရောက်
ဆန္ဒထုတ်ဖေါ်ရန်သွားရောက်ခဲ့ကြသည်။ ဆာမူတော်ကျောင်း ခွဲကဘောင် ကျောင်း၊ ရွှေသဇင်ကျောင်း ဧရာဝတီ ကျောင်း စသည့်ကျောင်းမှ ဆရာ၊ မများ လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆရာရွှေနှင်း
ရောက်လာကြသော ဆရာ၊မ များအား တိုရှင်းလိုရင်းရှင်းပြခဲ့သည်။ ဆရာ၊မ များရဲ့ ရပ်တည်ချက် နောက်ဆက်တွဲ ဘယ်လိုသွားမှာလဲ။ ကလေးတွေရဲ့ အနာဂတ်ကို ဘယ်လိုကူညီနိုင်ရန် ဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့် ME-ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေကို ရှင်းပြခဲ့တယ်။ အရင်တုန်းက ရွှေ့ပြောင်း ဆရာ ၊မ များရဲ့ စာသင်ချိန် တပတ်ကို အနည်းဆုံး(၁၈-ချိန်မှ ၂၂ချိန်)အထိ ရှိတဲ့ဆရာ၊ မများအား အခြေခံလစာ(၃၀၀၀)ကနေအထက်ပေါ့။ ME-ရဲ့လုပ်ပုံက BMTA- EC ရဲ့ ဆုံးဖြတ်ချက်နှင့်လစာပေးသွား တာမဟုတ်ဘူး။ သူတို့သဘောနဲ့သာ ပေးခြင်းဖြစ်ကြောင်း။ အခု ME-လုပ်ထားတာက တလွဲစီဖြစ်သွား တယ်။ ME- ရဲ့ လိမ်လည်ကောက် ကျဉ်း မှုတွေကို သူများတကာသိနေကြပြီ။
ME-EC (Government )အဖွဲ့ဝင်တွေကိုမေးကြည့်တော့လည်း သူတို့လည်း ဘာမှမသိရဘူးတဲ့။ ME-ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံဖို့သက်သက်သာ ဖွဲ့ထားဟန်ရှိသော (ခွဲကဘောင်ကျောင်းမှ
ကျောင်းကိုယ်စား ဆရာ၊ တခြားသော ကျောင်းမှ ကျောင်းကိုယ်စားဆရာများ)ကို မေးကြည့်ရာ သူတို့ EC- အနေနဲ့ ဘာတခုမှ မသိရဘူးဆိုတာဟာ တရားဥပဒေနည်းအရဆို ဒါ သူတို့လည်း ကြံရာပါတယ်ဟု ပြော လျှင် မှားမည်မဟုတ်ပါ။ သူတို့တွေလည်း တရားခံတွေဖြစ်နေတယ်။ အမှန်တကယ် ME- ရဲ့အစိုးရ အဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်ဘူး၊ ဘာမှလည်း မသိဘူးဆိုရင်လည်း သူတို့ရဲ့အားနည်း ချက်သာဖြစ်ပါလိမ့်မည်။ အမှန်မှာ ME-က တခုခု လုပ်မယ်၊ အတည်ပြုမယ်ဆိုရင် ME-EC က သဘောတူ မတူ လက်မှတ်ထိုးအတည်ပြုပေးရတယ်။ တာသူတို့ လုပ်ရမယ့်တာဝန်နဲ့ဝတ်တရားဘဲ။ တကယ်လို့ အမှန်တကယ်သူတို့မသိတာတော့ မသေရှာဘူး။ တနည်းအားဖြင့်ပြောလျှင် အကဓိလိုက်စား တယ်လို့ တောင်ပြောလို့ရတယ်။ အမှန်တကယ်သူတို့ ရွှေ့ပြောင်းကလေးတွေရဲ့ ပညာ ရေးကို တွယ်တာမြတ်နိုးအလေးထားတယ်ဆိုရင် အခုလို လုပ်ရပ်တွေကို ပြုပြင်ပေးပါ။ မသိရင် လည်း လေ့လာပါ။ ဆရာ၊မတွေရဲ့ အခွင့်အရေးကို လူလည်မကျဖို့အလေးအနက်တောင်းဆိုအပ်ပါ တယ်။ ဆရာ၊မ များရဲ့ အခြေံလစာကို မဖြေရှင်းဘူးဆိုရင် ဒါ ကလေးတွေရဲ့ အနာဂတ်ကိုဖျက်စီးရာရောက်နေ လိမ့်မည်။ သူတို့က မိမိကိုယ်ကို မိမိ တိုင်းပြည်အတွက်အလုပ်လုပ်ပါတယ်။ အမျိုးသားရေးအတွက် ကူညီနေတယ် လို့ခံယူထားရန် အထက်ပါ လုပ်ရပ်တွေကို အမြန်ဆုံးအနေနဲ့ ဖြေရှင်းပေးဖို့ ဆရာ၊မ များကိုယ်စား အလေးအနက် တောင်းဆို လိုက်ပါတယ်။
အထက်ပါ စိတ်သဘောထားသည်ရွှေ့ပြောင်းဆရာ၊မ များရဲ့ ဆန္ဒသဘောထားပင်ဖြစ်သည်။

No comments:
Post a Comment