ထိုင်းနိုင်ငံ မဲဆောက်၊ တာခ်၊ ခရိုင်တွင် ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၇၀ ကျော်ရှိတယ်။ ၄င်းအထဲမှ ME-လက်အောက်ခံနှင့် BMWEC-လက်အောက်ခံ ဟူ၍ ရှိသည်။ ၄င်း ME-ရုံးကို ဦးစီးဦးဆောင်သူ အထူး သဖြင့် Salai Tun Lin Aung ဆိုသူသည် ရွှေ့ပြောင်းစာသင်ကျောင်းမှ ကျောင်းဆရာ၊ ကျောင်းဆရာမ လစဉ်ထောက်ပံ့ငွေ(အလှူရှင်များမှထောက်ပံ့ငွေ)ကို ၄င်းရုံးမှတဆင့် ကူညီထောက်ပံ့ခဲ့သည်မှာ ၂ နှစ်၊ ၃ နှစ်လောက်ကြာပြီ။ ၄င်း ME-ရုံးလက်အောက်ခံကျောင်းရှိ ဆရာ၊ ဆရာမ များမှာ လစဉ်ထောက်ပံ့ငွေ ပြဿနာ အခက်အခဲ များစွာ ဖြစ်နေရသည်။ ME-ရုံးမှ လစဉ်ပုံမှန် ထောက်ပံ့ငွေ လာမပေးတာ၊ လစာ ဖြတ်တောက်တာ၊ ရှေ့တမျိုး နောက်တမျိုး အမျိုးမျိုးပြောကြားပြီး လိမ်နေတာတွေကို ကျောင်းဆရာ၊ ဆရာမတွေ လက်ပိုက်စောင့်ကြည့်နေတာကြာပြီ။
၂၀၁၃-၁၄ ပညာသင်နှစ်တွင်လည်း ၄င်းနည်းတူ ME-လိမ်တာကို သိသိနဲ့ ခံနေကြရသည်မှာ အဘယ်ကြောင်းနည်း။ ၂၀၁၃-ခု၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ခွဲကဘောင်စာသင်ကျောင်းကို လစာ လာပေးမယ်လို့ ME-ရုံးမှ ဖုန်းဆက်လာသည်။ DCA-မှ ထောက်ပံ့သော ဆရာ၊ မဆရာ အတွက်လို့ပြောသည်။ ညနေပိုင်းကျတော့ DCA မဟုတ်တော့ဘူး။ သူတို့ ဖုန်းမဆက်ပါဘူး။ DCA မှ ထောက်ပံ့သော ပိုက်ဆံမရောက်သေးဘူးလို့ ME-ရုံးဝန်ထမ်းများမှ ပြောသည်။ ကျနော်တို့ ခွဲကဘောင် ကျောင်းမှ ဆရာများမှ တခြားကျောင်းများကို မေးလိုက်သည့်အခါ တခြားကျောင်းမှာ DCA လစာ(ဇန်န၀ါရီလ လစာ)ပေးတာကြာပြီလို့သိရတယ်.. ခွဲကဘောင်ကျောင်း ဘာဖြစ်လို့ မရသေးတာလဲ။ ME-ရုံးမှ ၀န်ထမ်းများ ဘာကြောင်း အခုလိုမျိုးလိမ်နေရတာလဲ။ ဘာအတွက်လဲ။ ၄င်းကိစ္စနှင့်ပတ်သတ်၍ ဆရာ တယောက်မှသူတို့ကို ပြောလိုက်သည်မှာ " ME-ရုံးရှိလို့ ကျနော်တို့ ကျောင်းဆရာ၊ ဆရာမတွေ စာ လာသင်နေကြတာမဟုတ်ဘူး. ဒီလို ဆရာ၊ ဆရာမတွေရှိလို့သာ ME-ရုံး၊ ရုံးလုပ်သားတွေ လစာကောင်း ကောင်းရနေတာ၊ ME-ရုံးလိမ်နေတာကို ကျနော်တို့ ခံနေရတာကြာပြီ။ ME-ရုံးနှင့် မပတ်သက်ချင်ရှင် အလွယ်ဆုံးနည်းက သူတို့လက်အောက်ခံမှ ထုတ်လိုက်ပေါ့... ။ ကျောင်းဆရာ၊ ဆရာမ တွေ မရှိလို့ရှိရင် ME-ဆိုတာလဲ ရှိမှာ မဟုတ်ဘူး...။ "ဟူ ကျောင်းဆရာ တစ်ဦးမှ ပြောကြားလိုက် တော့မှ ME-ရုံးဝန်ထမ်းများ ပြန်ပြောသည်မှာ WE_မှ အခုနားမှ ဖုန်းဆက်လာ တယ်။ ပိုက်ဆံဝင်နေပြီလို့ ပြန်ပြောသည်မှာ အလွန်ပင် အောက်တန်းကျတဲ့ ရုံးဝန်ထမ်းတွေဆိုတာကို သိလိုက်ရတယ်..။ ဘာကြောင်းဒီလို လုပ်ရတာလဲ။ ME-ရုံးဝန်ထမ်းတွေလဲ ပညာတက်တွေပဲ. ဘာဖြစ်လို့ အမှားတွေကို သိလျှက်ဖြင့် လိုက်လုပ်နေရတာလဲ။ ပညာတက်ဆိုတာ အမှားအမှန်ကို ခွဲခြားသိမှ ပညာ တက်လို့ လူတကာက အသိအမှတ်ပြုကြတယ်...။
ME-ရုံးဝန်ထမ်းတွေက- ငါတို့လဲ ဘာမှ မသိရဘူးလို့ အဲဒီနေမှာပဲ ပြန်ပြောပြတယ်..။ အဖွဲ့အစည်း တခု ရပ်တည်နိုင်အောင် တခြားအောက်ခြေ ၀န်ထမ်းတွေက သိလျှက်နှင့် လက်ဝါးကြီး အုပ်ချုပ်နေတာကို ခံနေရမယ်ဆိုရင်. သူတို့လောက် အောက်တမ်းကျတဲ့စိတ်တွေ ဘယ်မှာရှိအုံးမှာလဲ။

No comments:
Post a Comment