- Written by ဝင့်သူမော်
သြစတြေးလျမှာရှိတဲ့ Griffith University က အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း တက်ရောက်မယ့် ကျောင်းသူ ကျောင်းသားတိုင်းကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့်မယ်လို့ သိရပါတယ်။
အင်္ဂလိပ်စာကို အထူးပြင်ဆင်လိုသူတွေနဲ့ သြစတြေးလျ ထိပ်တန်းတက္ကသိုလ် တက်ရောက်မယ့် သူတွေအတွက် သင့်တော်တဲ့ ပရိုဂရမ်တစ်ခုကို Griffith English Language Institute မှာ ပညာသင် ထောက်ပံ့ကြေး ၂ဝ ရာခိုင်နှုန်း ရယူကာ တက်ရောက်နိုင်တယ်လို့ Crown Education က သိရပါတယ်။
ကျောင်းသူ ကျောင်းသားတွေအနေနဲ့ Griffith University ကျောင်းဝင်းထဲမှာပဲ သင်ကြားရမှာဖြစ်ပြီး ဒီဂရီ မတက်ရောက်မီမှာ တက္ကသိုလ်ရဲ့ student life ကိုလည်း ရှိနိုင်မှာဖြစ်ပါတယ်။ Griffith English Language Institute မှာ Gold Coast Campus နဲ့ Brisbane Campus ရှိပြီးသင်ကြားရေးမှာလည်း Griffith University က ဘွဲ့လွန်ပြီးမြောက်ထားတဲ့ အရည်အသွေးရှိ ဆရာ၊ဆရာမတွေက သင်ကြား ပေးမှာဖြစ်ပါတယ်။
နိုင်ငံတကာက ကျောင်းသူ ကျောင်းသားတွေအတွက် ဗဟုသုတနဲ့ စာဖတ်စွမ်းရည်တွေ၊ စကားပြော စွမ်းရည်နဲ့ မိတ်ဆွေအပေါင်းအသင်း တိုးတက်လာရေးအတွက်တွေလည်း weekly book club ရှိတယ်လို့ သိရပါတယ်။
သင်ကြား ပို့ချနေတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းတွေကတော့ General English (GE), English for Academic Purposes (EAP), English Test Preparation (ETP), Direct Entry Preparation (DEP Prep), Direct Entry Program (DEP) တို့ဖြစ်ပါတယ်။
GELI ရဲ့ထူးခြားချက်တွေအနေနဲ့ အင်္ဂလိပ်စာ တက်ရောက်နေစဉ်ကာလအတွင်းမှာ မိမိရဲ့ ကျောင်းစာ လိုက်နိုင်မှု၊ GELI လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပူးပေါင်းလုပ်ဆောင်မှု၊ GELI ဖေ့စ်ဘုတ်စာမျက်နှာ မှာ တက်ကြွစွာ ပါဝင်ရေးသားလုပ်ဆောင်မှု၊ book club တက်ရောက်ဆွေးနွေးမှု၊ ကျောင်းခေါ်ချိန် ၉၅ ရာခိုင်နှုန်းရှိမှုစတဲ့ ရလဒ်တွေအပေါ်မှာ အကဲဖြတ်ပြီး GELI Excellence Awards ကိုလည်း ချီးမြှင့်မယ်လို့ သိရပါတယ်။
အသေးစိတ် အချက်အလက်တွေကို ထပ်မံသိရှိလိုတယ်ဆိုရင်တော့ Crown Education ရုံးချုပ်သစ် တည်ရှိရာ အမှတ် (၂၇ဝ)၊ ပထမထပ်၊ အခန်း 1C၊ ပြည်လမ်း၊ မြေနီကုန်း၊ ကောင်းမြတ်မွန်ဆေးခန်း အပေါ်ထပ်၊ ဖုန်း ဝ၉-၇၃၂၇၃၂၇၇၊ ဝ၉-၅ဝဝ၅၁၈၅ ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရှိရပါတယ်။
ကုမုဒြာ သတင်းဂျာနယ် (နိုဝင်ဘာလ (၆) ရက်၊ ၂ဝ၁၂)

No comments:
Post a Comment