Written by တင်မောင်ထွေး
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆရာပြည့်စုံမှုမရှိ၊ စာသင်ကြားမှု လျော့ရဲနေသောကြောင့် ကျောင်းသားများ၏ ပညာရေးရင်လေးနေရကြောင်း ကျောင်းသားမိဘများက ဆိုသည်။
"ဆရာမတွေက အချိန်မှန်လာလေ့မရှိဘူး၊ ကျောင်းတက်၊ ကျောင်းဆင်းလည်း ပုံမှန်မဟုတ်ဘူး။ စာသင်ချိန်မှာလည်း ရွာထဲလျှောက်သွားနေတာရှိတယ်။ ကျွန်တော့်သမီးကျောင်းစာအုပ်မှာ Boot စာအုပ်ကို ဆရာမကအမှန်ခြစ်ပေးထားတယ်။ လေးတန်းအောင်သွားတဲ့ ကျောင်းသားတွေကို ကကြီး ခခွေးဆိုခိုင်းရင်တောင် ကောင်းကောင်းမရဘူး။ စာသင်ကြားတဲ့အပိုင်းမှာ လျော့ရဲနေတာအမှန်ပဲ။ ကလေးတွေအတွက် အခြေခံပညာရေးကတောင် မကောင်းရင် ရှေ့ဘယ်လွယ်ပါ့မလဲ" ဟု ဒုတိယ တန်း ကျောင်းသူ၏ ဖခင်တစ်ဦးဖြစ်သူ ဦးအောင်နေဦးကပြောသည်။
မိုးမိတ်မြို့နယ်၊ လယ်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား ၈ဝ ဦးနှင့် ကျောင်းဆရာမ သုံးဦးရှိသည့်အနက် မူလတန်းကျောင်းအုပ်ဆရာမမှာ ကျောင်းဖွင့်ရာသီဇွန်လ ပထမ အပတ်တွင်လည်းကောင်း၊ အထွေထွေလုပ်သား ကျောင်းဆရာမတစ်ဦးမှာ ဇူလိုင်လ ပထမအပတ်တွင် လည်းကောင်း ပြောင်းရွေ့သွားခဲ့ပြီး ကျောင်းဆရာမ တစ်ဦးတည်းသာကျန်ရှိနေသည့်အတွက် ကျောင်းသားများ၏ ပညာရေးသင်ကြားမှု အဆင်ပြေစေရန် ကျေးရွာလူထုနှင့် ကျောင်းသားများ၏ ထည့်ဝင်ငွေဖြင့် ကျောင်းဆရာမတစ်ဦး ငှားရမ်းပြီးသင်ကြားနေရကြောင်း မိုးမိတ်မြို့နယ်မှ ဒေါ်ရီရီဝင်း ကပြောသည်။
အဆိုပါကျေးရွာလူထုနှင့် ကျောင်းသားမျာျး စုပေါင်းထည့်ဝင်ငွေဖြင့် ငှားရမ်းထားသော ဆရာမအား ကျောင်းသားတစ်ဦးလျှင် တစ်လ ငါးရာကျပ်စီထည့်ဝင်၍ ပေးနေရကြောင်း၊ မိုးမိတ်မြို့နယ်ပညာ ရေးမှူးက အခြားကျောင်းမှ ကျောင်းဆရာမတစ်ဦးကို တွဲဘက်အဖြစ် ပြီးခဲ့သည့်လမှစ၍ ခန့်ထားခဲ့ ကြောင်း ၎င်းကရှင်းပြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မိုးမိတ်မြို့နယ် ပညာရေးမှူးအား လူထုပုံရိပ်မှ ဆက်သွယ်မေးမြန်းရာ မူလတန်း ကျောင်းအုပ်ဆရာမ ပြောင်းရွှေ့သွားသည့်အတွက် အဆိုပါနေရာ လစ်လပ်နေမှုကို သက်ဆိုင်ရာဌာနသို့ တင်ပြထားခဲ့ကြောင်း၊ ပြည်နယ်အတွင်း မူလတန်းကျောင်းအုပ် အပြောင်းအရွှေ့ ခွင့်ပြုချက်မရသေးကြောင်း၊ ၎င်းအပြင် အထွေထွေ လုပ်သားအားခန့်အပ်ရာတွင် နိုင်ငံတော်မှ ထပ်မခန့်ခြင်းသာဖြစ်ကြောင်း ထို့ကြောင့်အခြားကျောင်းမှ ဆရာမတစ်ဦးကို လယ်ကြီးအခြေခံပညာ မူလတန်းကျောင်း၌ အင်အားဖြည့် တွဲဘက်ခန့်ထားကြောင်း ဆိုသည်။
သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် မူလတန်းပညာရေးစနစ်မှာ အခမဲ့ပညာရေးစနစ်ဖြစ် ကြောင်း သိရသည်။
လူထုပုံရိပ် ဂျာနယ်
Vol(1), No(7)

No comments:
Post a Comment