အိမ်ဖြူတော် ရဲ့ ဟင်းသီး ဟင်းရွက် စိုက်ပျိုးရေးခြံပါ..။ ဗဟုသုတ အနေနဲ့ပါ..။ အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား ဟာ ဒီစိုက်ပျိုးရေးခြံက ထွက်တဲ့ အသီးအရွက်တွေကို စားသုံးတာပါတဲ့..။ အဲ့ဒီပျိုးခြံ ကို သမ္မတ ကတော် First Lady Michelle Obama ဦးစီးပြီး ကိုယ်တိုင်ပါဝင်စိုက်ပျိုးတဲ့ အပြင် အမြဲတမ်း ဥယျာဉ်ပျိုးခြံ ထိန်းသိမ်းရေးတွေမှာ ဦးဆောင်ပါဝင်လုပ်ကိုင်နေကျဖြစ်ပါတယ်..။ သမ္မတ ကတော်က သတင်း
ထောက်တွေ ကိုပြောကြားရာမှာ ဒီခြံထဲမှာ ရှိတဲ့ သီးပင် စားပင် ဟင်းသီးဟင်းရွက်တွေအားလုံးဟာ လုံးဝ
သဘာဝအတိုင်းသာ စိုက်ပျိုးထားတာဖြစ်ပါသတဲ့..။ နောက်ပြီး အိမ်ဖြူတော် ဆိုတဲ့ သမ္မတ မိသားစုနေထိုင်ရာ နေရာဟာ အမြဲလိုလို တိုင်းသူပြည်သားတွေ.. ကျောင်းသူကျောင်းသားတွေ.. ကလေးသူငယ်တွေအတွက် လာရောက်လည်ပတ်နိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်..။ ပထမဆုံးပုံမှာ မြင်ရတဲ့အတိုင်းပါပဲ.. သမ္မတ ကတော်ဟာ လာရောက်လည်ပတ်တဲ့ ကလေးသူငယ်တွေကို သူစိုက်ပျိုးထားတဲ့ ဥယျာဉ်အတွင်းမှာ လိုက်လံပြသ နေတာဖြစ်ပါတယ်..။ အောက်က နံပါတ် ၁ ပုံကတော့ လာရောက်လည်ပတ်သူတွေ နဲ့ တကွ စိုက်ပျိုးရေးမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေတဲ့ သမ္မတကတော် ကို West Wing ကနေ TV ကတဆင့် သမ္မတအိုဘားမား ကြည့်နေတာပါ..။ အောက်က နံပါတ် ၂ ပုံကတော့ အိမ်ဖြူတော်ကို လာရောက်လည်ပတ်ကြသူများကို အဝေးကနေ သမ္မတအိုဘားမား လက်ပြနှုတ်ဆက်နေတာပါ...။


No comments:
Post a Comment