ခွဲကဘောင်ကရင်အမျိုးသားကျောင်းတွင် ဆရာ၊မများ၏ လစာ(ထောက်ပံ့ငွေမှာ တခြားသော အထက်တန်းကျောင်းများထက် နည်းပါးမှု
ကြောင်း စာသင်ကြားပေးနေသော ဆရာ၊ မများ၏စားဝတ်နေရေး အခက်အခဲဖြစ်နေကြတာ ME ပေါ်ပေါက်လာခဲ့ကတည်းကပင်၊ နော်ဖေါ့ရယ်
လက်ထက်တုန်းကတော့ အဆင်ပြေသလိုရှိခဲ့ဘယ့်လည်း အခုမှာတော့ လုံးဝကို အဆင်မပြေခဲ့တော့တာ။ ကျောင်းဆရာမ တဦးက ကျမတို့
ကျောင်းမှာ ကျောင်းလစာက ၂၀၁၁-ခုနှစ်ကဆိုရင် ၂၅၀၀ ၊ ၂၈၀၀ ဘတ်သာ ရရှိခဲ့သည်။ ဒီငွေနဲ့ တယောက်တည်းတောင် စားသုံးလို့ ဘယ်
လိုမှ မလုံလောက်မှုကြောင်း တချို့ ဆရာ၊ မ အဟောင်းတွေ၊ အတွေ့ကြုံများတဲ့သူတွေ အပြင်မှာ အလုပ်သွားလုပ်ကြပြီ။ တချို့ကလည်း ကိုယ့်
ခလေးတွေကို ပညာသင်ကြားပေးစေချင်တယ်သို့ဘယ်မယ့်လည်း စားဝတ်နေရေးကမလုံမလောက်ဆိုတော့လည်း ၀မ်းရေးကိုပဲ လုပ်ရတော
တာပေါ့ဟုပြောပြသည်။ နောက် တခြားအထက်တန်းကျောင်းတွေမှာဆိုရင် ကျောင်းဆရာ၊မလစာက အနည်းဆုံး ၅၀၀၀ ဘတ် ရရှိဘယ့်မယ့်
ကျမတော့ကျောင်းက ဘာဖြစ်လို့ မရဆိုတာကို ကျမလည်းနားမလည်ဟု ပြောပြသည်။ သူမဝေဖန်တာက ကျမတို့ကို ပိုက်ဆံလာရှင်းပေး
တဲ့ MEရုံးက မပေးတာလား အလှူရှင်ဆီမှ မပေးတာလားဆိုတာ သိချင်တယ်ဟုလည်း သူမက ဆက်ပြောသည်။ ဒီလိုသာ ဆက်သွားနေ မယ်
ဆိုရင် ကျမတို့လည်း ဒီနေရာမှာ ဆက်လက်မနေနိုင်ပါ မိသားစုစားဝတ်နေရေး အဆင်မပြေလို့သာ ပြောင်းချင်တာ။

No comments:
Post a Comment