ကျနော်တို့ခွဲကဘောင်ကရင်အမျိုးသားကျောင်းကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ကျော်လောက်ကတည်းကပင် မျိုးဆက်သစ်ကရင်လူငယ်များအတွက် ထူထောင်ခဲ့သော ကျောင်းဖြစ်ပါသည်။ အခက်အခဲများစွာထဲက
ကြိုးစားထူထောင်နိုင်ခဲ့သော်လည်း ၂၀၁၂- ၂၀၁၃-ပညာသင်နှစ်အတွက် စားနှင့်ရိတ်ခါ အထူးသဖြင့် (ဆန်)လုံလောက်မှု မရရှိ ဟု ကျောင်းတာရိုက်တာအဖိုးမန်းဗလစိန်က ပြောသည်။
ဘော်ဒါဆောင်ကျောင်းသား၊သူ နှစ်ရာနီးပါး
ခန့်စားသောက်ရန် (မယ်တော်ဆေးခန်း)မှလည်း ဒီနှစ်အတွက် အလှူရှင်က မေလကုန်ရင် ရပ်ဆိုင်းလိုက် မှာဖြစ်သည်ဟု သူက ဆက်ပြောသည်။ ဒီနှစ်အတွက်ဆက်လက် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သက်ဆိုင်ရာ ကျောင်းသားမိဘများ၊ နိုင်ငံတကာရောက်ကရင့်မျိုးချစ်ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားညီကို မောင် မနှများ ကျနော်တို့ခွဲကဘောင် ကရင်အမျိုးသားကျောင်းရှိ မျိုးဆက်သစ်ကရင်လူငယ်များအတွက် ၀ိုင်းဝန်း
ကူညီဆောင်ရွက်ကြပါလို့လည်း တိုက်တွန်းအပ်ပါသည်။

No comments:
Post a Comment