ခွဲကဘောင်ကရင်အမျိုးသားကျောင်းတွင် ဆရာ၊ ဆရာများနှင့် ကျောင်းဒါရိုက်တာတို့အစည်းအဝေးတခုကို
နေ့လည် ၁၂ နာရီခွဲတွင် စတင်ခဲ့ကြသည်။ အစည်းအဝေးရဲ့အဓိက ရည်ရွယ်ချက်မှာ ဆရာ၊ဆရာမများရဲ့
စာသင်ကြားရေးပိုင်းတွင် ဒီထက်မကပိုကောင်းလာအောင်နှင့် ကရင့်ကျောင်းသား၊ကျောင်းသူများအပေါ်
စေတနာ ၊ အနစ်နာ၊ ၀ါသနာ၊ နာသုံးနာဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်စာသင်ကြားရန်
ကျောင်းဒါရိုက်တာက ပြောကြားဆွေးနွေးခဲ့ကြသည်။
ဒုတိယတချက်က ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဆရာ၊ဆရာမများ၏ ထောက်ပံ့ကြေးငွေများမှာ အလွန်နိမ့်သည်နှင့်အမျှ ကုန်ဓျေးနှုန်းကလည်း အဆမတန်တိုးလာသည်မှာ ဆရာ၊ ဆရာမများရဲ့ ဘ၀ဖုံလုံ မူမရှိသဖြင့်စာသင်ကြား ရာတွင် စိတ်ပါဝင်စားမူ နည်းပါးလာမူကြောင်းလည်း ပညာရေဘက်မှာ အနည်း ငယ်အားနည်းမူတွေရှိလာနေသည်။ ရွေ့ပြောင်းပညာရေးဟာ တနှစ်ထက်တနှစ် အများကြီးဆုတ် ယုတ်လာ တာကို ဆရာ၊ မများ က သတိထားလာကြသည်။ ရွေ့ပြောင်းပညာရေးဟာ မြန်မာပြည်ပညာရေးနှင့်စာရင် ပိုပြီးတော့ ညံ့ဖျင်း လာတာကို လက်တွေ့ခံစားနေရသည်ဟု ကျောင်းသားဟောင်းတယောက်က ပြောသည်။ ဆရာ၊ ဆရာမတွေ ထောက်ပံ့ငွေ မလုံမလောက်မူ၊ အဖွဲ့အစည်းတွေကို ဦးဆောင်တဲ့သူတချို့ကလည်း သူတို့ ယူတဲ့လစာက တလကို တစ်သောင်းကျော်၊ အောက်ခြေ၀န်ထမ်းတွေက ၂၅၀၀ ဆိုတော့ ဘယ်လိုလုပ်တရားမှာလည်း၊တယောက်ကိုတယောက် ခေါင်းပုံဖြတ်လုပ်နေတာ မြန်မာပြည်ရဲ့ပညာရေးထက်ပိုဆိုး
လာတယ်လို့ ၀ါရင့်ဆရာတဦးက ပြောသည်။

No comments:
Post a Comment