ဒီဘလော့ဆိုဒ်သည် ခွဲကဘောင် ကရင့်အမျိုးသားစာသင်ကျောင်း တကျောင်းဖြစ်ပါသည်။ ခွဲကဘောင် ကရင့် အမျိုးသားစာသင်ကျောင်းသည် ထိုင်းနိုင်ငံ၊မဲဆောက်မြို့တွင် 1990 တွင်ဝအလံဘုန်းတော်ကြီးကျောင်း( မဲဆောက်မြို့) တွင် ဆရာ၊မ ၂ဦးနှင့်ကျောင်းသား၊သူ ၆ ဦးတို့ဖြင့်စတင်တည်ထောင်တာဖြစ်ပါသည်။
ခွဲကဘောင် ကရင့်အမျိုးသားစာသင်ကျောင်းသည် မြန်မာ ရွေ့ပြောင်းကျောင်းတွင် ပထမဦးဆုံးသော စာသင်ကျောင်းတကျောင်းဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်တွင် မဲဆောက်မြို့ဓျေးကြီးတိုက်ခန်း(အိမ်အမှတ်၊ ၇၊၂၈)တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် နောင်ဘွားရပ်ကွပ် အိမ်နံပါတ် (၇)သို့ပြောင်းရွေ့ခဲ့ပါ သည်။ အကြောင်းရင်းမှာ ကျောင်းသား၊သူ ၅၀၀ နီးပါးနှင့်၊ ဆရာ၊မ ၂၉ ယောက် ရှိလာသောကြောင်း ဖြစ်ပါ သည်။ ဖူ့ခွဲကဘောင်ကျောင်းသည် မူကြို၊ သူငယ်တန်းမှ ၁၂ -တန်းအထိ သင်ကြားပေးနေပါသည်။
ကျောင်းရဲ့ရည်ရွယ်ချက်မှာ ကရင့်အမျိုးသားတိုင်း ကရင့်စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှု အမွေ အနှစ်များအားထိန်းသိမ်းတတ်ရန်နှင့် ကိုယ့်စာပေကို တတ်မြောက်ရန်နှင့် ကရင့်လူမျိုးများ စည်းရုံး ညီညွတ်စေရန် စသည်တို့ဖြစ်သည်။ ထူးခြားသည်မှာ ဘာသာရေးကို အလေး မပေးသောကြောင်း မည်သည့်ဘာသာကို ကိုယ်ကွယ်သူမဆို လာရောက်ပညာသင်ကြားနိုင်ပါသည်။

No comments:
Post a Comment